၂၀၂၅ ဩဂုတ် ၁၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(ရွှေဝါအသစ်) ၁၄၂၀၀၀ ကျပ်၊ ပဲတီစိမ်း(အသစ်) ၁၄၀၀၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၉၅၈၀၀ ကျပ်၊ ပဲလွန်းဖြူတစ်တင်း ၇၈၀၀၀ ကျပ်၊ ဘိုကိတ် တစ်တင်း ၇၈၀၀၀ကျပ်၊ ပဲပုပ် တစ်တင်း ၁၀၀၀၀၀ ကျပ်နှင့် မြေပဲ တစ်တင်း ၁၆၀၀၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့သည်။
ယခင်ပတ် အလားတူကာလနှင့် ဈေးနှုန်း နှုန်းယှဉ်ပါက ပဲတီစိမ်းတစ်တင်း ၉၅၀၀ ကျပ် ဈေးတက်နေသော်လည်း မတ်ပဲတစ်တင်း ၇၀၀ ကျပ်နှင့် မြေပဲတစ်တင်း ၂၂၀၀၀ ကျပ် ဈေးကျ နေပြီး ကျန်ပဲများ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး.